World-class premium 55% Aluminium-Zinc alloy coated and colour coated steel products, suitable for roofing and walling applications.
High quality fit-for-purpose colour coated galvanized steel products, suitable for roofing and walling applications in residential projects.
Press Release
November 8, 2017
JFE MERANTI Myanmar posted a video to playlist Quality Control Tests.
2 days ago
Quality Control Testings (Episode -2) - Solvent Double Rub Test
JFE MERANTI အနေနှင့် ကမ္ဘာ့အဆင့်မီ အရည်သွေးမြင့် အလွှာအုပ် စတီးထုတ်ကုန်များကို အရည်အသွေး အာမခံချက်ပေးနိုင်ရန်အတွက် ဈေးကွက်ထဲသို့ မဖြန့်ချီခင် အရည်အသွေး စစ်ဆေးမှု လုပ်ငန်းစဥ်များကို တိကျသေချာစွာ လုပ်ဆောင်ပါတယ်။ အောက်က Video လေးထဲမှာတော့ အရည်အသွေး စစ်ဆေးမှု လုပ်ငန်းစဥ် (၈)ခု အနက်မှ အလွှာအုပ်စတီး ထုတ်လုပ်စဥ်တွင် ဆေးသား အခြောက်ခံခြင်း လုပ်ငန်းစဥ် အောင်မြင်မှုရှိမရှိ စစ်ဆေးတဲ့ Solvent Double Rub Test လုပ်ဆောင်ပုံအဆင့်ဆင့်ကို ဖော်ပြ ပေးထားတာ ဖြစ်ပါတယ် ။
စမ်းသပ်မှု လုပ်ငန်းစဥ်အနေနဲ့ စမ်းသပ်မည့် မျက်နှာပြင်ပေါ်မှာ အဝတ်တစ်ခုကို Methyl-Ethyl-Ketone အရည်ဖြင့် စွတ်၍ မျဥ်းဖြောင့်အတိုင်း ရှေ့မှနောက်သို့ အသွားအပြန် အကြိမ် (၅၀) ပွတ်တိုက်ပြီးနောက် မပွတ်တိုက်မီ အခြေအနေနှင့် ကွာခြားမှု ရှိ/မရှိ စစ်ဆေးရပြီး ၁၀၀ ရာခိုင်နှုန်း ဆေးသားအလွှာ ပျက်ဆီးမှု မရှိပါက စမ်းသပ်မှု အောင်မြင်သည်ဟူ၍ သတ်မှတ်လို့ရပါတယ်။
JFE MERANTI မှ ကမ္ဘာ့အဆင့်မီ အရည်အသွေးမြင့် ထုတ်ကုန်များကို စဥ်ဆက်မပြတ်ထုတ်လုပ်နိုင်ရန်အတွက် ယခုလို အရည်အသွေး စစ်ဆေးမှု လုပ်ငန်းစဥ်များကို တိကျသေချာစွာ လုပ်ဆောင်နေတာဖြစ်လို့ နီးစပ်ရာဆိုင်တွေမှာ ယုံကြည်စိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်ပါတယ်ခင်ဗျာ။
ဆက်သွယ်ရန်ဖုန်း - 09977436402
#JFE_MERANTI
#ALZUsteel #GIZUsteel
At JFE MERANTI, Quality Control is a very important process that needs to be done before distributing the products into the market in order to guarantee world-class quality coated steel products. Among the eight steps of Quality Control processes, the below video displays the Solvent Double Rub Test that tests the completion of curing paint in the oven.
The test surface is double rubbed 50 times in a straight line with a cloth soaked with MEK, methyl-ethyl-ketone. After rubbing, the area is checked if there is any different than before. The testing is passed if 100% non-peeling or no deformation in the paint layer is recorded.
Since JFE MERANTI is performing the Quality Control processes precisely to keep up producing world-class products, you can trust the performance of JFE MERANTI products. Let’s go get your premium JFE MERANTI coated steels at nearby shops now! ... See MoreSee Less
5 days ago
သင့်အမိုးကို ကြာရှည်ခိုင်ခံ့ဖို့အတွက် “ပြုပြင်ထိန်းသိမ်းမှု ပုံမှန်ပြုလုပ်ခြင်း”ဟာလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။
သတ္တုအမိုးပြားနှင့် လေကာတောင်၊ တံစက်မြိတ်အောက်ရှိ ရေတံလျောက်စသော နေရာများတွင် မိုးရေဖြင့် အလိုအလျောက် မပါသွားနိုင်သော အညစ်အကြေးများ၊ သစ်ရွက်များ၊ သံတိုသံစများ နှင့် အမှိုက်များသည် အချိန်တစ်ခုကြာအောင် စုဝေးနေတတ်သောကြောင့် ရေငွေ့ပျံခြင်း ဖြစ်ပွားနိုင်ပါတယ်။ အဆိုပါ ရေငွေ့ပျံခြင်းကြောင့် သံချေးတက်ခြင်းကို စတင်ဖြစ်ပွားစေကာ အမိုးပြားများ၏ အသုံးပြုနိုင်မှု သက်တမ်းကို လျော့ကျစေပါတယ်။
ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရာတွင် စစ်ဆေးခြင်းနှင့် သန့်ရှင်းခြင်းဟူ၍ အပိုင်း(၂)ပိုင်း ပါဝင်ပါတယ်။ စစ်ဆေးခြင်း နှင့် သန့်ရှင်းခြင်းတို့ကို လူနေအိမ်များတွင် တစ်နှစ်လျှင် အနည်းဆုံး (၂) ကြိမ်နှင့်၊ စက်မှုဇုန်နှင့် ပင်လယ်ကမ်းရိုးတန်းနှင့် အနီးပတ်ဝန်းကျင်နေရာများတွင် တစ်နှစ်လျှင် (၃) ကြိမ်ပြုလုပ်ပေးသင့်ပါတယ်။
အမိုးပြားများကို စစ်ဆေးရာတွင်
• မူလီ နှင့် ဝါရှာများမှာ အချိန်ကြာလာသည်နှင့်အမျှ တိုက်စားခံရပီး ပါးလွှာလာတတ်သောကြောင့် ရေဝင်နိုင်ခြင်းရှိမရှိ စစ်ဆေးရပါမည်။
• အမိုးပြားပေါ်နှင့် ရေတံလျောက်၊ ရေပိုက်၊ ရေဆင်းပိုက်နှင့် အပေါက်ငယ်များတွင် အညစ်အကြေးနှင့် အမှိုက်များ ပိတ်ဆို့မှု ရှိ/မရှိကို စစ်ဆေးရမည် ဖြစ်သည်။
အမိုးပြားများကို သန့်ရှင်းရာတွင်တော့
• လက်ဆေးဆပ်ပြာ (သို့မဟုတ်) ပန်းကန်ဆေးဆပ်ပြာကို အသုံးပြုနိုင်ပါတယ်။
• တာပင်တိုင်၊ ဓာတ်ဆီ၊ ရေနံဆီ နှင့် တင်နာကဲ့သို့သော အရည်များနှင့် အပြင်းစား ချွတ်ဆေးပါဝင်သော ဆပ်ပြာများကိုတော့ အသုံးမပြုသင့်ပါ။
• ရေမြှုပ်ဖတ် (သို့မဟုတ်) အပျော့စား နိုင်လွန်ဘရက်ရှ်ကိုသာ အသုံးပြုသင့်ပါတယ်။
• စတီး/သံ ဖြင့် ပြုလုပ်ထားသော ဘရက်ရှ်များ အသုံးပြုခြင်း ကိုတော့ ရှောင်ရှားသင့်ပါတယ်။
• ထို့ပြင် သတ္တုအမိုးပြားနှင့် လေကာတောင်၊ တံစက်မြိတ်အောက်ရှိ ရေတံလျောက်စသော နေရာများတွင် ပိတ်ဆို့နေသော အညစ်အကြေးများ၊ သစ်ရွက်များ၊ အပင်ငယ်များနှင့် မှိုများကို ရှင်းလင်းပေးရမည်ဖြစ်သည်။
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း အမိုးပြားများကို ပုံမှန် ပြုပြင်ထိန်းသိန်းမှသာ သင့်အမိုးပြားများဟာ ကြာရှည်ခိုင်ခံ့ပြီး အစဥ်အမြဲလှပနေမှာပဲ ဖြစ်ပါတယ်။
ဆက်သွယ်ရန်ဖုန်း - 09977436402
#JFE_MERANTI
#ALZUsteel #GIZUsteel
Regular maintenance of your roof plays one of the significant factors for the performance of the roof.
Condensation can occur around built-up dirt, leaves and debris on the metal roofing over a certain period, especially in the area where rainwater could not wash away easily such as fascia and the underside of eave gutters. The cause of condensation can lead to corrosion, and it will reduce the life-span of your roof.
The maintenance procedure can be divided into two parts, Inspection and Cleaning. Inspection and cleaning should be done two times a year for the buildings located in urban and rural areas and three times a year for buildings near industrials and coastal regions.
For the inspection of the roof,
• Fasteners and washers' water-tightness should be checked as the washer could have deteriorated over the years.
• Gutter, pipes, down spouse and vents, should be check if there are any debris and dirt.
For the cleaning of the roof,
• Using a mild soap solution or non-abrasive dishwashing liquid is recommended.
• The cleaning should not be done using abrasive or solvent type cleaners such as turpentine, petrol, kerosene and paint thinners.
• A sponge or soft nylon bristle brush should be used.
• The steel brush is not recommended in the cleaning of the roof.
• Leaves, grass, mould and any other debris blocking fascia and gutters have to be cleaned.
Your roof will last longer and will be beautiful as always only if you maintain your roof regularly. ... See MoreSee Less
Comment on Facebook သင့်အမိုးကို...
good
Instargram. Followerတေကို gwဖောက်ပေးမယ်ပြောပီး အခုထိဖောက်မပေးသေးဘူး ဘာလား
good
ကျေးဇူးပါ
အမိုးသန့်ရှင်းပြုပြင်ရေးအတွက် ပြပြီးတိုင်ပင်ချင်ပါတယ်..မန်းလေးကပါ
1 week ago
သင့် ရဲ့ စီးပွားဖြစ် စက်ရုံ၊ အလုပ်ရုံတွေကို ကို ALZU®️ စတီး အသုံးပြုပြီး အလှပဆုံးဖြစ်အောင် တည်ဆောက်လိုက်ရအောင်။
JFE MERANTI ရဲ့ ALZU®️ စတီးတွေ ဟာ အရောင်အသွေးစုံလင်ပြီး ဆန်းသစ်လှပသော ဒီဇိုင်းများအဖြစ် သင့်စက်ရုံ၊အလုပ်ရုံရဲ့ အမိုး၊အကာတို့ကို လှပစွာ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ ဆေးသားအရောင်တောက်ပမှုနှင့် အရောင်မပြယ်လွင့်မှုတို့အတွက် အာမခံပေးထားတာမို့ ALZU®️ သုံးထားတဲ့ သင့် စီးပွားဖြစ် စက်ရုံ၊ အလုပ်ရုံတွေ က အချိန်ကြာကြာခံပြီး လှပ၊ တောက်ပြောင်နေမှာပါ။
အောက်ကပုံတွေထဲမှာ ALZU®️ စတီး ထုတ်ကုန်တွေကို အသုံးပြုပြီး သင့်ရဲ့ စီးပွားဖြစ် စက်ရုံ၊ အလုပ်ရုံတို့ကို ဘယ်လိုတည်ဆောက်လို့ရလဲဆိုတာ ကြည့်လိုက်ပါဦး။ ဒီပုံတွေထဲမှာတော့ ALZU® 10 ရဲ့ အရောင်တွေဖြစ်တဲ့ Scarlet Red၊ Mocha၊ Spearmint၊ Pearl၊ Admiral Blue၊ Asean Grey၊ Basil၊ Koala Grey အရောင်လေးတွေကို တွဲဖက်အလှဆင်ထားပြီး ပေါင်းစပ်ထားတဲ့အရောင်လေးတွေကို တစ်ပုံခြင်းစီမှာ တွေ့နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ မိတ်ဖက် ဆိုင်တွေမှာ ရရှိနိုင်တဲ့ အမိုးပြား Pattern တိုင်းနဲ့ အခုလို အရောင်စပ် အလှဆင်နိုင်တာဖြစ်လို့ အခုပဲ JFE MERANTI ရဲ့ ALZU®️ စတီးထုတ်ကုန်တွေကို နီးစပ်ရာဆိုင်တွေမှာ ၀ယ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။
ဆက်သွယ်ရန်ဖုန်း - 09977436402
#JFE_MERANTI
#ALZUsteel #GIZUsteel
Construct and design your industrial and commercial buildings with ALZU® Steel.
As our ALZU® steel by JFE MERANTI has various colour choices and easy to design, you can use ALZU® products in decorating the roofing and walling of your industrial and commercial buildings. Our ALZU® products come with a warranty for the paint coating, and we can guarantee that the colour of the steel sheet will look fantastic and last long.
Take a look at the photos below to see how you can you mix and match ALZU® 10 colours for your buildings. In this photo, we use Scarlet Red၊ Mocha၊ Spearmint၊ Pearl၊ Admiral Blue၊ Asean Grey၊ Basil၊ Koala Grey from ALZU® 10 for the decorations.
Since this design can be decorated with every available roof patterns from our partner shops, let’s grab your JFE MERANTI products at the nearest shop. ... See MoreSee Less
Comment on Facebook 1215346751931295_2190687264397234
Gwဖောက်သေးဘူးလား
အိမ္မိုးလိုရပါသလားခင္ဗ်ား
1 week ago
JFE MERANTI ၏ သီလ၀ါစက်ရုံသည် ကမ္ဘာ့အဆင့်မီအရည်အသွေးရှိ အလွှာအုပ်စတီးများကို ထုတ်လုပ်ပြီး တစ်နိုင်ငံလုံးရှိ Customer ဆိုင်များမှတစ်ဆင့် သုံးစွဲသူများထံသို့ ဖြန့်ချီပေးလျက်ရှိပါသည်။ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် JFE MERANTI၏ Customeဆိုင် အရေအတွက် (၄၈) ဆိုင်အထိ ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ခေတ်မီ ဆောက်လုပ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။ သင်နေထိုင်ရာ တိုင်း/ပြည်နယ်မှာ JFE MERANTI ထုတ်ကုန် ရရှိနိုင်တဲ့ ဆိုင်အရေအတွက် ဘယ်လောက်ရှိလဲဆိုတာ အောက်မှာဖော်ပြပေးထားတဲ့ Gif ဗီဒီယို မှာ လေ့လာကြည့်ရှုနိုင်ပါတယ်။
ဆက်သွယ်ရန်ဖုန်း - 09977436402
#JFE_MERANTI
#ALZUsteel #GIZUsteel
JFE MERANTI has a factory in Thilawa Special Economic Zone manufacturing world-class coated steel and distributing to our end-customer through our partner shops across the country. Currently, there are a total of (48) customer shops in the States and Regions of Myanmar and fulfilling Myanmar’s modern construction requirements. You can check the number of JFE MERANTI customer shops in your State/Region in the following Gif video. ... See MoreSee Less
Comment on Facebook 2190680101064617
Please,let me knows Tanintharyi partner shop address and contact PH number?
မဂ်လာပါ
2 weeks ago
ကျွန်တော်တို့ JFE MERANTI ရဲ့ Review & Reward Program မှာ ပါ၀င်ပေးခဲ့တဲ့ ညောင်ဦးမြို့ နယ်၊ အမှတ် (၄)၊ ချောက်ကန်ကျေးရွာ မှ ဦးသောင်ဆိုင် ကတော့ JFE MERANTI ထုတ်ကုန်ကို ဘာကြောင့် ၀ယ်ယူဖြစ်ခဲ့ပုံကို အခုလိုပဲ ပြောပြပေးထားပါတယ် - " JFE MERANTIကို ရွေးချယ်ဖြစ်ခဲ့တာကတော့ အရည်အသွေးကောင်းမွန်လို့နဲ့ အရောင်လှပလို့ဖြစ်ပါတယ်။ အာမခံလည်းပါတော့ ယုံကြည်စိတ်ချရလို့ ရွေးဝယ်ဖြစ်တာပါ။” ယခုလို ကျွန်တော်တို့ ထုတ်ကုန် ကို ရွေးချယ် ၀ယ်ယူအားပေးခဲ့တဲ့ ဦးသောင်ဆိုင် ကို JFE MERANTI မှ အထူးကျေးဇူးတင်ရှိပါတယ်။
သင့်အိမ် အမိုးအကာအတွက်ဆို ပေးရတဲ့စျေးနဲ့ ရရှိတဲ့စွမ်းဆောင်ရည် အချိုးကျတဲ့ JFE MERANTI ထုတ်ကုန်များကိုသာ ရွေးချယ်၀ယ်ယူလိုက်ပါ။
ဆက်သွယ်ရန်ဖုန်း - 09977436402
#JFE_MERANTI
#ALZUsteel #GIZUsteel
Let’s see what U Thaung Saing from No (4), Chauk Kan Village, Nyaung Oo Township has to say about JFE MERANTI product while participating in our Review & Reward Program - “I bought it because of the quality of the product and the colour. Also, JFE MERANTI products are trustworthy as it comes with warranty.” Thank you U Thaung Saing for choosing our product.
With JFE MERANTI, we can guarantee that you will get the quality that worths your money. ... See MoreSee Less
2 weeks ago
ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့လေး ဖြစ်ပါစေ ...
ကျွန်တော်တို့ JFE MERANTI Myanmar မှ ငြိမ်းချမ်းခြင်း၊ စည်းလုံးခြင်း၊ ကြွယ်ဝခြင်း၊ ချစ်ခြင်းတွေနဲ့ ပြည့်စုံသော နှစ်သစ်လေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
Happy Karen New year!
JFE MERANTI Myanmar wishes you a wonderful new year filled with peace, unity, prosperity and love. ... See MoreSee Less
JFE MERANTI Myanmar posted a video to playlist Quality Control Tests.
2 weeks ago
Quality Control Testings (Episode -1) - Reverse Impact Test
JFE MERANTI အနေနှင့် ကမ္ဘာ့အဆင့်မီ အရည်သွေးမြင့် အလွှာအုပ် စတီးထုတ်ကုန်များကို အရည်အသွေး အာမခံချက်ပေးနိုင်ရန်အတွက် ဈေးကွက်ထဲသို့ မဖြန့်ချီခင် အရည်အသွေး စစ်ဆေးမှု လုပ်ငန်းစဥ်များကို တိကျသေချာစွာ လုပ်ဆောင်ပါတယ်။ အရည်အသွေး စစ်ဆေးမှု လုပ်ငန်းစဥ် (၈)ခု အနက်မှ ပြင်ပအားသက်ရောက်မှု အပေါ်တွင် ဆေးသားခိုင်ခံ့မှုကို စစ်ဆေးသော Reverse Impact Test လုပ်ဆောင်ပုံအဆင့်ဆင့်ကို အောက်က Video လေးထဲမှာ ဖော်ပြပေးထားပါတယ်၊၊
စမ်းသပ်မှု လုပ်ငန်းစဥ်ကတော့ စမ်းသပ်မည့် မျက်နှာပြင်ပေါ်သို့ ထိပ်လုံးဝန်း၍ ၅၀၀ ဂရမ်လေးသော အတုံးကို အမြင့် ၅၀၀ မီလီမီတာအကွာမှ လွှတ်ချပြီး ဖုထွက်လာသောနေရာကို #610 ရှိသော “Scotch” တိပ်ဖြင့် ကပ်၍ ရုတ်တရက်ဆွဲခွာလိုက်သောအခါ ၁၀၀ ရာခိုင်နှုန်း ဆေးသားမကွာပါက စမ်းသပ်မှု အောင်မြင်သည်ဟူ၍ သတ်မှတ်ပါတယ်။
JFE MERANTI မှ ကမ္ဘာ့အဆင့်မီ အရည်အသွေးမြင့် ထုတ်ကုန်များကို စဥ်ဆက်မပြတ်ထုတ်လုပ်နိုင်ရန်အတွက် ယခုလို အရည်အသွေး စစ်ဆေးမှု လုပ်ငန်းစဥ်များကို တိကျသေချာစွာ လုပ်ဆောင်နေတာဖြစ်လို့ နီးစပ်ရာဆိုင်တွေမှာ ယုံကြည်စိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်ပါတယ် ခင်ဗျာ။
ဆက်သွယ်ရန်ဖုန်း - 09977436402
#JFE_MERANTI
#ALZUsteel #GIZUsteel
At JFE MERANTI, Quality Control is a very important process that needs to be done before distributing the products into the market in order to deliver world-class quality coated steel products. Among the eight steps of Quality Control processes, the below video displays the Reverse Impact Test that tests the paint’s stability on impact deformation.
The test surface is protruded by dropping 500 g weighed block with a spherical tip from 500 mm height. The protruded area is adhered with “Scotch” tape #610 and pull with abrupt force. The testing is passed if 100% non-peeling of paint is recorded.
Since JFE MERANTI is performing the Quality Control processes precisely to keep up producing world-class products, you can trust the performance of JFE MERANTI products. Let’s go get your premium JFE MERANTI coated steels at nearby shops now! ... See MoreSee Less
We are working hard to build our world-class quality products and will be launching them soon.