INTRODUCTION


ကျွန်ုပ်တို့၏ ရည်မှန်းချက်

အနာဂတ်မြန်မာနိုင်ငံကြီးအား တည်ဆောက်ရန် ဆောက်လုပ်ရေးနှင့်အဆောက်အအုံကဏ္ဍအတွက် အရည်အသွေးမြင့် သတ္တုအလွှာအုပ်စတီးများကို ကျွန်ုပ်တို့၏ဖောက်သည်များ၊ ဝန်ထမ်းများ၊ မိတ်ဖက်များနှင့်အတူ JFE MERANTI Myanmar ကပံ့ပိုးပေးသွားမည်ဖြစ်သည်။

အဓိက တန်ဖိုးထားမှုများ

ကျွန်ုပ်တို့၏ ဝယ်ယူအားပေးသူများ၊ အဖွဲ့ဝင်များ၊ စီးပွားဖက်များနှင့် မည်သို့အပြန်အလှန် တုန့်ပြန်မှု၊ မည်သို့လုပ်ငန်း လည်ပတ်မှုများက ကျွန်ုပ်တို့တန်ဖိုးထားသည့် အရာများအတွက် လမ်းပြနေသည့်မူများ ဖြစ်ကြသည်။ အဆိုပါအရာများက ကျွန်ုပ်တို့ကို ပန်းတိုင်သို့ ဆက်သွယ်ပေးပြီး ကျွနု်ပ်တို့၏ ကိုယ်ပိုင်လက္ခဏာကို ဖော်ညွှန်း ပေးသလို ကျွန်ုပ်တို့ အဖွဲ့အစည်း၏ ဓလေ့ကို ပုံဖော်ပေးကာ ကျွန်ုပ်တို့ တာဝန်ယူလုပ်ဆောင်လာအောင် နှိုးဆွပေးနေသည်။ ထို့အတူပင် ဆုံးဖြတ်ချက်များ ချမှတ်မှုတွင်လည်း အဓိကတန်ဖိုးထားမှုများက လွှမ်းမိုးနေသည်။ ထိုသို့ အဓိကတန်ဖိုး ထားမှုများက JFE MERANTI Myanmar ၏ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်များ ဖြစ်ကြသည်။
အရည်အသွေးစံချိန်တည်မြဲစေခြင်း
အရည်အသွေးစံချိန်တည်မြဲစေခြင်း

အရည်အသွေးစံချိန်တည်မြဲစေခြင်းသည် JFE MERANTI အမှတ်တံဆိပ်၏ အဓိက ကျသည့် အရာတစ်ခုဖြစ်သည်။ သတ္တုအလွှာအုပ်စတီးနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့အဖွဲ့၏ များစွာသော အတွေ့အကြုံကောင်းများနှင့် ကျွမ်းကျင်မှုများကြောင့် အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို ဖောက်သည်များထံ အစဉ်တစိုက် ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်သည်။

တီထွင်ဆန်းသစ်မှုအမြင်ရှိခြင်
တီထွင်ဆန်းသစ်မှုအမြင်ရှိခြင်

ကျွနုပ်တို့အဖွဲ့တွင် ပါဝင်သူတစ်ဦးချင်းမှာ သတ္တုအလွှာအုပ်စတီးနှင့်ပတ်သက်ပြီး စိတ်ပြင်းပြသူများ ဖြစ်ကြသည်။ ထိုစိတ်ပြင်းပြမှုနှင့် ပေါင်းစပ်ကာ တီထွင်ဖန်တီးနိုင်ရေးအတွက် ကျွနု်ပ်တို့အစဉ်အမြဲ ကြိုးပမ်းနေသည်။ ဝယ်ယူအားပေးသူများအတွက် ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာအောင် လည်း ဆောင်ရွက်နေသည်။

တုန့်ပြန်ဖြေကြားမှုမြန်ဆန်ခြင်း
တုန့်ပြန်ဖြေကြားမှုမြန်ဆန်ခြင်း

ဝယ်ယူအားပေးသူများထံအလျှင်အမြန် တုံ့ပြန်နိုင်ခြင်းသည် ကျွန်ုပ်တို့စီးပွားရေး ဆောင်ရွက်သည့်ပုံစံ၌ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဖောက်သည်များ၏ မေးမြန်းမှုကို အလျှင်မြန်ဆုံး တုံ့ပြန်ဖြေကြားပြီး ကြံ့ကြာနေသောကိစ္စများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ထားသည်။

ယုံကြည်စိတ်ချနိုင်ခြင်း
ယုံကြည်စိတ်ချနိုင်ခြင်း

ယုံကြည်စိတ်ချနိုင်ခြင်းသည် JFE MERANTI အမှတ်တံဆိပ်တွင် အဓိက ကျသည့်အရာဖြစ်သည်။ ကုမ္ပဏီအား တည်ထောင်ခဲ့ကြသူများသည် စတီးလုပ်ငန်းကဏ္ဍတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့ကြသူများ ဖြစ်ကြသည်။ စတီးလုပ်ငန်းတွင် ကျွန်ုပ်တို့ ၏ရိုးသားဖြောင့်မတ်မှုနှင့် အားကိုးအားထားပြုနိုင်မှုများကြောင့် ဝယ်ယူအားပေးသူများအနေဖြင့် JFE MERANTI အပေါ်အပြည့်အဝ ယုံကြည်စိတ်ချနိုင်ကြမည်ဖြစ်သည်။

အန္တရာယ်ကင်းရှင်းမှုရှိစေခြင်း
အန္တရာယ်ကင်းရှင်းမှုရှိစေခြင်း

ဖောက်သည်များ၊ ဝန်ထမ်းများနှင့် စီးပွားဖက်များ၏ အသက်မွေး ဝမ်းကျောင်းနှင့် လုံခြုံမှုကို ကျွန်ုပ်တို့ တန်ဖိုးထားပါသည်။ ထို့ကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင်လည်း လုံခြုံမှုကို ထည့်သွင်းထားသည်။

လုပ်ငန်းလက်တွဲလုပ်ဆောင်လိုခြင်း
လုပ်ငန်းလက်တွဲလုပ်ဆောင်လိုခြင်း

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ ဒေသခံစီးပွားရေးလုပ်ငန်းဖြစ်ပြီး၊ အခြားသော ဒေသခံစီးပွားရေး လုပ်ငန်းများနှင့်အတူ ခိုင်မာသည့် ဒေသခံမိတ်ဖက်ကွန်ရက်ကို တည်ထောင်လိုပါသည်။ ကျွနုပ်တို့၏ ရည်မှန်းချက်မှာ ဝယ်ယူအားပေးသူများ၊ စီးပွားဖက်များနှင့်အတူ ရေရှည်မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်ရန်ဖြစ်သည်။