အနာဂတ်မြန်မာနိုင်ငံကြီးအား တည်ဆောက်ရန် ဆောက်လုပ်ရေးနှင့်အဆောက်အအုံကဏ္ဍအတွက် အရည်အသွေးမြင့် သတ္တုအလွှာအုပ်စတီးများကို ကျွန်ုပ်တို့၏ဖောက်သည်များ၊ ဝန်ထမ်းများ၊ မိတ်ဖက်များနှင့်အတူ JFE MERANTI Myanmar ကပံ့ပိုးပေးသွားမည်ဖြစ်သည်။
ကျွန်ုပ်တို့၏ မှတ်တမ်း
MERANTI Singapore ဖွဲ့စည်းခဲ့ပြီး ဖြစ်နိုင်ချေလေ့လာမှုများကို စတင်ခဲ့သည်
၂၀၁၅ ခုနှစ်တွင် ရန်ကုန်မြို့သို့ အမှုဆောင်အရာရှိချုပ်ရောက်ရှိလာခြင်းက ကျွန်ုပ်တို့၏ မြန်မာနိုင်ငံခရီးစဉ်အစပင် ဖြစ်သည်။ စည်ကားနေသည့် မြို့တော်ကြီး၊ ကြင်နာပြီး နွေးထွေးသည့် မြို့တော်နေသူများ၊ ခိုင်မာသည့် သမိုင်းကြောင်းကိုယ်ပိုင်လက္ခဏာနှင့် အလားအလာကောင်းများရှိနေမှုကို သူကဦးစွာ သတိပြုမိခဲ့သည်။
သို့သော် ရာသီဥတုဒဏ်ခံထားရသည့် စက်ရုံ၊ ရုံးအဆောက်အအုံများနှင့် လူနေအဆောက်အအုံများက ထိုအလား အလာရှိမှုများနှင့် မလိုက်ဖက်သည်ကိုလည်း တွေ့ရှိခဲ့သည်။
ဈေးကွက်အတွင်း၌ပိုမိုကောင်းမွန်သည့် ဆောက်လုပ်ရေးပစ္စည်းများမရှိခြင်းက အကြောင်းရင်းတစ်ခု ဖြစ်နေသည်ကို သူ့အဖွဲ့နှင့်အတူ ဖော်ထုတ်သိရှိခဲ့သည်။ အရည်အသွေးနိမ့်ပစ္စည်းများသာ ရွေးချယ်စရာ ရှိခြင်းက မြန်မာပြည်သူတို့အတွက် မသင့်လျှော်သည်ကိုလည်း တွေ့ရှိခဲ့သည်။ သတ္တုအလွာအုပ်စတီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ လူနေမှုအဆင့်အတန်းအား အဆင့်မြှင့်တင်ပေးရန် သူနှင့်သူ၏အဖွဲ့များက ရည်မှန်းချက် ချမှတ်ခဲ့ကြသည်။

လုပ်ငန်းဆောင်ရွက်မှု အစ
MERANTI စတီးကို ၂၀၁၆ခုနှစ် မေလတွင် စတင်တည်ထောင်ခဲ့သည်။ ထောက်ပံမှုတစ်ကြိမ်လည်ပတ်ပြီး သောအခါ လုပ်ငန်းဆောင်ရွက်မှု စတင်ခဲ့ပါသည်။ သီလဝါ SEZ ကို အခြေပြုတည်နေရာအဖြစ်သတ်မှတ်ပြီး အဖွဲ့မှ ဈေးကွက်အနေအထားအသေးစိပ်ကို လေ့လာခဲ့ပါသည်။ MERANTI စတီးမှ အလုပ်များကို လုပ်ငန်းအနေအထားနှင့် ကုန်ကျစရိတ်အနေအထားတို့နှင့်အတူ အစပြုခဲ့ခြင်းဖြစ်ပါသည်။ MERANTI အဖွဲ့သည် လုပ်ငန်းများကို ပြည်တွင်းရှိ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်စတင်ခဲ့သည်။

ဖက်စပ်လုပ်ငန်း
ကျွနုပ်တို့ ရည်မှန်းချက်ဆီသို့အရောက်သွားနိုင်ရန် ၂၀၁၇ ခုနှစ် အကုန်တွင် အမေရိကန် ဒေါ်လာ ၈၅ သန်းတန် စီမံကိန်း လက်မှတ်ရေးထိုးပွဲတစ်ခု ကျင်းပခဲ့မှုနှင့်အတူ ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ခဲ့ကြသည်။ ထိုဖက်စပ်လုပ်ငန်းက နိုင်ငံတကာအဆင့်မီ အလွှာအုပ်စတီးနှင့် သတ္တုအလွှာအုပ် စတီးပစ္စည်းများ ထုတ်လုပ်မည့်စက်ရုံကို ရန်ကုန်မြို့၊ သီလဝါအထူး စီးပွားရေးဇုန်၌ ဒီဇိုင်းထုတ်၊ တည်ဆောက်၊ လည်ပတ်ရေးအတွက် JFE Steel, MERANTI Steel, JFE Shoji, Marubeni-Itochu Steel နှင့် HANWA တို့ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်၌ စက်ရုံစတင်တည်ဆောက်ရန် ပန္နက်တင်အခမ်းအနားကျင်းပခဲ့သည်
၂၀၁၈ မတ်လ ၁ ရက်နေ့တွင် JFE MERANTI Myanmar Co., Ltd (JMM) သည် ဆောက်လုပ်ရေးနှင့် အဆောက်အအုံကဏ္ဍအတွက်လိုအပ်သည့် သတ္တုအလွှာအုပ်လိုင်း၊ ကြိုတင်ဆေးသုတ်ပြီး စတီးပြားလိပ်များ ကို ထုတ်လုပ်ရန် စက်ရုံကို သီလဝါအထူးစီးပွားရေးဇုံတွင် စတင်တည်ဆောက်ရန်ပန္နက်တင်အခမ်းအနားကို ဆင်နွှဲခဲ့သည်။ ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဂျပန်သံအမတ်ကြီး မစ္စတာ တာတရှီ ဟီဂူဂျီ၊ အစိုးရတာဝန်ရှိ လူကြီးမင်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် ၂၅၀ ခန့်တတ်ရောက်ခဲ့သည်။
ဆေးအရောင်အုပ်လိုင်း စတင်လည်ပတ်မည်
ဆေးအလွှာအုပ်လိုင်းသည် အရည်အသွေးကောင်းမွန်သည့်ကာလာများဖြင့် တစ်နှစ်လျှင် တန်ချိန်ပေါင်း ၉၀,၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိမည်ဖြစ်သည်။ ထိုထုတ်လုပ်ရေးလိုင်းအား နိုင်ငံတကာတွင် ရလဒ်ကောင်းများရထားသည့် ထိပ်တန်းအင်ဂျင်နီယာကုမ္ပဏီက ပံ့ပိုးပေးမည်ဖြစ်ကာ ISO အသိအမှတ်ပြုရရှိမည်ဖြစ်သည်။
သတ္တုအလွှာအုပ်လိုင်း စတင်လည်ပတ်မည်
သတ္တုအလွှာအုပ်လိုင်းသည် သွပ်နှင့် သွပ်အလူမီနီယံအလွှာအုပ်များကို နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုပြီး ထုတ်လုပ်နိုင်စွမ်းမှာ တစ်နှစ်လျှင် တန်ချိန်ပေါင်း ၁၈၀,၀၀၀ ဖြစ်သည်။ ထိုထုတ်လုပ်ရေးလိုင်းအား နိုင်ငံတကာတွင် မှတ်တမ်းကောင်းများရထားသည့် ထိပ်တန်းအင်ဂျင်နီယာကုမ္ပဏီက ပံ့ပိုးပေးမည်ဖြစ်ကာ ISO လက်မှတ်ရရှိမည်ဖြစ်သည်။