ALZU® စတီးသည် ၅၅% အလူမီနီယံ-ဇင့် သတ္တုစပ်အလွှာအုပ်ထားပြီး၊ ဆေးအရောင်အုပ်ထားသည့် အဆင့်မြင့်အရည်အသွေးရှိ သတ္တုအလွှာအုပ် အဆင့်မြင့်စတီး ထုတ်ကုန်ဖြစ်သည်။ ALZU® စတီးတွင် AZ70 နဲ့ AZ100 ဟူပြီး အဆင့်မြင့် ကုတ်တင်နှစ်မျိုးရှိသည်။ ထုတ်ကုန်များကို အမိုးမိုးခြင်း၊ နံရံတည်ဆောက်ခြင်းတို့၏ စက်စပ်ပစ္စည်းများ၊ စီးပွားဖြစ်အဖွဲ့အစည်းဆိုင်ရာပရောဂျက်များနှင့် လူနေအိမ်ရာစီမံကိန်းတွေမှာပါ အသုံးပြုနိုင်စေဖို့အတွက် အကောင်းဆုံးအသင့်တော်ဆုံးဖြစ်အောင် ထုတ်လုပ်ထားပါတယ်။
ALZU® ထုတ်ကုန်သည် သတ္တုချေးတက်မှုကို ကာကွယ်နိုင်ဖို့နဲ့ အမြင်တင့်တယ်ရန်အတွက် အကောင်းဆုံး အနေအထားရရှိအောင် အလူမီနီယမ်နှင့်ဇင့် သတ္တုစပ်အလွှာအုပ်နည်းစနစ်ကို အသုံးပြုထားပါတယ်။ ALZU® သတ္တုအလွှာအုပ်နည်းစနစ်က အလူမီနီယမ်နှင့်ဇင့်တို့ကို ယှက်နွယ်နေသည့် (ကွန်ရက်သဏ္ဍန်) ဖြစ်ပေါ်စေပါသည်။ ဇင့်ပါဝင်မှုများပြားတဲ့ အပိုင်းတွေက ပထမအဆင့် ကာကွယ်မှုအလွှာဖြစ်ပြီး အောက်ခံစတီးနှင့် အလူမီနီယမ်ပါဝင်မှုများပြားတဲ့အပိုင်းကို ကာအကွယ်ပေးသည့်အပြင် ဒုတိယအဆင့် ကာကွယ်မှုအပိုင်းဖြစ်တဲ့ အလူမီနီယမ် ပါဝင်မှုများတဲ့အပိုင်းကိုပါ အထောက်အကူဖြစ်စေပါတယ်။ ဒီအလွှာနှစ်ခုလုံးက အမိုးနဲ့ နံရံတည်ဆောက်ရေး ထုတ်ကုန်တွေရဲ့ ထူးခြားကောင်းမွန်တဲ့ သတ္တုချေးတက်မှုမှကာကွယ်နိုင်တဲ့စွမ်းရည်တွေကို ပေးစွမ်းနိုင်ဖို့တွက် အတူတကွ လုပ်ဆောင်ကြပါတယ်။