GIZU® စတီးသည် သွပ်ရည်စိမ်ထားသော စတီးထုတ်ကုန်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ အကြီးမားဆုံး သတ္ထုအလွှာအုပ်အမိုးပြား ကုမ္ပဏီ ဖြစ်သော JFE MYANMAR Coated Steel® (JMCS) က ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေး စက်မှုဇုံရှိ ကမ္ဘာ့အဆင့်မီ စက်ရုံတစ်ခုဖြစ်တ JMCS မှ ထုတ်လုပ်ထားတာကြောင့် GIZU® စတီးထုတ်ကုန်သည် ထုတ်ကုန်အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး ဈေးကွက်ထဲမှာ ဦးဆောင်နေတဲ့ထုတ်ကုန်တစ်ခုပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ရာသီဥတုနဲ့အထူး ကိုက်ညီအောင် စမ်းသပ်ထုတ်လုပ်ထားတဲ့အတွက် GIZU® စတီးရဲ့ ဆေးသားကွာလတီနဲ့ သံချေးတက်မှုခံနိုင်ရည်ရှိခြင်းအတွက် ၃ နှစ်အထိ အာမခံချက်အပြည့်အဝပေးနိုင်ပါတယ်။
အပေါ်ကာလာဆေးမတင်ခင် အောက်ခံဆေးကို အရင်ဆုံးသုတ်ထားတဲ့အတွက် GIZU® စတီးရဲ့ မျက်နှာပြင်အရည်အသွေးနဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်တွေက လူကြီးမင်းတို့ မျှော်မှန်းထားတာထက် သာလွန်နေပါလိမ့်မယ်။ ဒီလိုမျိုး လုပ်ဆောင်ထားတဲ့အတွက် ကျွနု်ပ်တို့ရဲ့ ထုတ်ကုန်တွေဟာ အမိုး၊ အကာတွေမှာ သံချေးတက်ခြင်းနဲ့ အပေါက်ပေါက်ခြင်းတို့ မဖြစ်အောင်ပိုပြီးကာကွယ်ပေးနိုင်မှာ သေချာပါတယ်။ အောက်ခံဆေးကို အသုံးပြုထားတဲ့အတွက် ကာလာဆေးရဲ့ကပ်အားကို ပိုကောင်းစေတဲ့အပြင်၊ ဆေးသားပိုတောက်ပပြီး ကြာရှည်ခံစေပါတယ်။
GIZU® စတီးက သင့်မိသားစုအတွက်ထိုက်တန်တဲ့ လုံခြုံစိတ်ချရသော ကာကွယ်မှုနဲ့ ပျော်ရွှင်သောနေထိုင်မှုဘဝကို ရရှိနိုင်ဖို့ ရာနှုန်းပြည့်ကူညီပေးမှာပါ။