JFE Meranti Myanmar held a ground breaking ceremony of its steel plant, the first investment of the section (B) of Thilawa Special Economic Zone, on March 1st and is planning to finish construction by 2020. Total investment in the project will be approximately 85 million US dollars.
JFE Meranti Myanmar is a Singapore-Myanmar joint venture of JFE Steel, JFE Shoji Trade Corporation, Marubeni-Itochu Steel Inc., Hanwa Co., Ltd. and Meranti Steel Pte. Ltd. It is the biggest in the investment in Thilawar Special Economic Zone and will create about 300 job opportunities for Myanmar professionals and workers.
“We started surveying Myanmar in 2015, and we found that Myanmar needs a lot of steel related products. Therefore, we decided to invest in steel manufacturing,” said, Mr. Sebastian Langendorf, CEO of JFE Meranti Myanmar.
The plant will produce 180,000 tons of zinc and aluminum coated steel and about 90,000 tons of pre-painted steel annually. This will be the first project in Myanmar focused on manufacturing high-grade galvanized flat steel products.
“At the present almost 90 percent of pre-painted steel is imported. This investment will substitute the import and also help other export products,” Vice President U Henry Van Thio, President of Special Economic Zone Implementation Committee, said at the ground breaking ceremony.
Myanmar Summary:
သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (ခ) ၏ ပထမဆုံးရင်းနှီးမြှုပ်နှံမှုအဖြစ် အရည်အသွေးမြင့် သတ္ထုလွှာအုပ်နှင့် စတီးအုပ်ပစ္စည်းများကို ထုတ်လုပ်သွားမည့် JFE Steel Corporation စက်ရုံစီမံကိန်းစတင်တည်ဆောက်ခြင်း၏မြေပန္နက်တင်အခမ်းအနားကို မတ်လ ၁ ရက်နေ့ကအဆိုပါစက်ရုံဧရိယာတွင်ပြုလုပ်ခဲ့သည်။
စင်္ကာပူ-ဂျပန်ဖက်စပ်ရင်းနှီးမြုပ်နှံမှုအဖြစ် JFE Steel ၊ Meranti Steel ၊ JFE Shoji ၊ Marubeni-Itochu Steel နှင့် HANWA တို့ပူးပေါင်း၍ JFE Meranti Myanmar ကုမ္ပဏီအဖြစ် ထူထောင်သည့် အဆိုပါစက်ရုံရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈၅ သန်းပမာဏသည် သီလဝါအထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအနက် ပမာဏ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသား ပညာရှင်နှင့် လုပ်သား ၃၀၀ ခန့် အလုပ်အကိုင်အခွင့်အလမ်း ရရှိမည် ဖြစ်ကြောင်းသိရသည်။
“၂၀၁၅လောက်မှာ ကျွန်တော်တို့မြန်မာပြည်ကိုလာပြီး စတင်လေ့လာတဲ့အခါ နိုင်ငံတွင်းရဲ့အခြေခံ အဆောက်အဦးကဏ္ဍမှာ အရည်အသွေးမြင့်တဲ့ သတ္ထုလွှာအုပ်သွပ်တွေ၊ စတီးနဲ့ပက်သက်တဲ့ဆက်စပ် ပစ္စည်းတွေများစွာ လိုအပ်နေတာတွေ့ရတယ်။ ဒါကြောင့် အခုလိုထုတ်ကုန်တွေနဲ့ တစ်ဖက်တလမ်းက ကူညီပေးသွားဖို့ စက်ရုံကိုတည်ဆောက်ဖြစ်တာပါ” ဟု JFE Meranti ကုမ္ပဏီ၏ CEO Mr.Sebastian Langendorf ကဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့သည်။
ထုတ်လုပ်မှုအနေဖြင့် အလွှာအုပ်လိုင်းတွင် သွပ်နှင့်သွပ်အလူမီနီယမ် အုပ်နည်း ပညာများနှင့် ပြုလုပ်သွားမည်ဖြစ်ပြီး တစ်နှစ်လျှင် တန်ချိန်ပေါင်း ၁၈၀,၀၀၀ ခန့်နှင့် အရောင်ခြယ်လိုင်းတွင် ဆန်းသစ်သော နည်းပညာများကို အသုံးပြု၍ အရည်အသွေး စံချိန်စံညွှန်းပြည့်ဝစွာဖြင့် တစ်နှစ်လျှင် တန်ချိန် ၉၀,၀၀၀ ခန့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
“နိုင်ငံတွင်းမှာ အရောင်ခြယ်စတီးနဲ့ပတ်သက်လို့ ၉၀ရာခိုင်နှုန်းလောက်က ပြည်ပနိုင်ငံကနေ တင်သွင်းနေရတယ်။ အခုလိုစတီးစက်ရုံ Invest လာလုပ်တဲ့အခါ သွင်းကုန်အစားထိုးနေရာအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ နောက်ပြီး ပြည်ပကိုပြန်လည် Export လုပ်မယ့် ကုန်စည်တွေအတွက်လည်း အထောက်အကူဖြစ်စေမှာပါ။” ဟုအထူးစီးပွားရေးဇုန်ဖော်ဆောင်ရေး(ဗဟို)အဖွဲ့၏ဥက္ကဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။