JFE MYANMAR Coated Steel သည် ရန်ကုန်အခြေစိုက် အရည်အသွေးမြင့် အလွှာအုပ်စတီး များကို အဆောက်အဦးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အဓိကထား ထုတ်လုပ်နေသော ကုမ္ပဏီ ဖြစ်ပါသည်။ ကုမ္ပဏီ ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်၍ JFE MERANTI အမည်ဖြင့် လည်ပတ် ခဲ့ပြီး ၂၀၂၄ ခုနှစ် မေလတွင် JFE MYANMAR Coated Steel ဟု အမည်ပြောင်းလဲခဲ့ပါသည်။
စတီးသည် ယနေ့ခေတ်တွင် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှု ကို ပံ့ပိုးပေးရန်အတွကိ မရှိမဖြစ် အခန်းကဏ္ဍ မှ ပါဝင်ခဲ့သည်။ ဤအခန်းကဏ္ဍသည် အနာဂါတ် တွင်လည်း ပြောင်းလဲမည်မဟုတ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပြီး မြန်မာနိုင်ငံသည်လည်း ဖွံ့ဖြိုး တိုးတက်ရန် အခွင့်အလမ်းများစွာရှိသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။
ကျွန်ုပ်တို့၏ သုံးစွဲသူများ၊ ဝန်ထမ်းများ၊ လုပ်ငန်းလက်တွဲဖော်များနှင့်အတူ ဆောက်လုပ်ရေး အပိုင်းကဏ္ဍ အတွက် JFE MYANMAR Coated Steel သည် အရည်အသွေးပြည့်မှီသော သတ္တုအလွှာအုပ်စတီး ပစ္စည်းများဖြင့် မြန်မာနိုင်ငံ၏ မနက်ဖြန် တည်ဆောက်ရန် ထုတ်လုပ်ပေးသွား ပါမည်။
ကျွန်ုပ်တို့ JFE MYANMAR Coated Steel သည် မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်သော အနာဂါတ်အတွက် မိတ်ဖက်များအားလုံးနှင့် ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်သွားမည်ဟု ကတိပြုပါသည်။