ကျွန်ုပ်တို့၏ မှတ်တမ်း
ဖက်စပ်လုပ်ငန်း
ကျွန်ုပ်တို့ ရည်မှန်းချက်ဆီသို့အရောက်သွားနိုင်ရန် ၂၀၁၇ ခုနှစ် အကုန်တွင် အမေရိကန် ဒေါ်လာ ၈၅ သန်းတန် စီမံကိန်း လက်မှတ်ရေးထိုးပွဲတစ်ခု ကျင်းပခဲ့မှုနှင့်အတူ ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ခဲ့ကြသည်။ ထိုဖက်စပ်လုပ်ငန်းက နိုင်ငံတကာအဆင့်မီ အလွှာအုပ်စတီးနှင့် သတ္တုအလွှာအုပ် စတီးပစ္စည်းများ ထုတ်လုပ်မည့်စက်ရုံကို ရန်ကုန်မြို့၊ သီလဝါအထူး စီးပွားရေးဇုန်၌ ဒီဇိုင်းထုတ်၊ တည်ဆောက်၊ လည်ပတ်ရေးအတွက် JFE Steel, JFE Shoji, Marubeni-Itochu Steel နှင့် HANWA တို့ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်သည်။
သီလဝါအထူးစီးပွားရေးဇုန်၌ စက်ရုံစတင်တည်ဆောက်ရန် ပန္နက်တင်အခမ်းအနားကျင်းပခဲ့သည်
၂၀၁၈ မတ်လ ၁ ရက်နေ့တွင် JFE MERANTI Myanmar Co., Ltd (JMM) သည် ဆောက်လုပ်ရေးနှင့် အဆောက်အအုံကဏ္ဍအတွက်လိုအပ်သည့် သတ္တုအလွှာအုပ်လိုင်း၊ ကြိုတင်ဆေးသုတ်ပြီး စတီးပြားလိပ်များ ကို ထုတ်လုပ်ရန် စက်ရုံကို သီလဝါအထူးစီးပွားရေးဇုံတွင် စတင်တည်ဆောက်ရန်ပန္နက်တင်အခမ်းအနားကို ဆင်နွှဲခဲ့သည်။ ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဂျပန်သံအမတ်ကြီး မစ္စတာ တာတရှီ ဟီဂူဂျီ၊ အစိုးရတာဝန်ရှိ လူကြီးမင်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် ၂၅၀ ခန့်တတ်ရောက်ခဲ့သည်။

ဆေးအရောင်အုပ်လိုင်း စတင်လည်ပတ်မည်
ဆေးအလွှာအုပ်လိုင်းသည် အရည်အသွေးကောင်းမွန်သည့်ကာလာများဖြင့် တစ်နှစ်လျှင် တန်ချိန်ပေါင်း ၉၀,၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိမည်ဖြစ်သည်။ ထိုထုတ်လုပ်ရေးလိုင်းအား နိုင်ငံတကာတွင် ရလဒ်ကောင်းများရထားသည့် ထိပ်တန်းအင်ဂျင်နီယာကုမ္ပဏီက ပံ့ပိုးပေးမည်ဖြစ်ကာ ISO အသိအမှတ်ပြုရရှိမည်ဖြစ်သည်။
